၁ ပေ 5:1-6 BCL

1 ငါ​ကဲ့​သို့​အ​သင်း​တော်​ကို​အုပ်​ထိန်း​ရ​သူ​များ ဖြစ်​ကြ​သည့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​လို​၏။ ငါ သည်​ခ​ရစ်​တော်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို​တွေ့​မြင် ရ​သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း၊ ပေါ်​လွင် ထင်​ရှား​လတ္တံ့​သော​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခံ​ယူ​ရန်​မျှော်​လင့် သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း​မေတ္တာ ရပ်​ခံ​လို​၏။-

2 သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။-

3 သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။-

4 သင်​တို့​သည်​သိုး​ထိန်း​ချုပ်​ကြီး​ပေါ်​ထွန်း​တော် မူ​သော​အ​ခါ​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သော၊ အ​ဘယ်​အ​ခါ​၌​မျှ​အ​ရောင်​အ​ဝါ​မ​မှေး မှိန်​နိုင်​သော​သ​ရ​ဖူ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။

5 ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-

6 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​အ​ချိန်​တန်​သော အ​ခါ​သင်​တို့​အား​ချီး​မြှင့်​တော်​မူ​နိုင်​ရန် သင်​တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကြီး​သော လက်​တော်​အောက်​၌​မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ ကြ​လော့။-