18 ထိုစဉ်အခါကငါတို့ကိုယ်တိုင်ပင်လျှင် ကိုယ်တော်နှင့်အတူ သန့်ရှင်းမြင့်မြတ်သော တောင်တော်ပေါ်တွင်ရှိ၍မိုးကောင်းကင်မှ ထွက်ပေါ်လာသောအသံတော်ကိုကြားရ ပေသည်။
19 သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
20 သို့ရာတွင်အဘယ်သူမျှမိမိအလိုအလျောက် ပရောဖက်တို့ဟောချက်အနက်အဋ္ဌိပ္ပါယ်ကို ပြန်ဆို၍မရနိုင်ကြောင်းသင်တို့အထူးမှတ် ယူကြလော့။-
21 အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။