7 သို့ရာတွင်ဆိုးယုတ်သူတို့၏မသမာသော အကျင့်အကြံများကြောင့်အလွန်စိတ်ပျက် လျက်နေသူ သူတော်ကောင်းလောတကိုမူ ကားကိုယ်တော်သည်မီးဘေးမှကယ်ဆယ် တော်မူ၏။-
8 ထိုသူတော်ကောင်းသည်ဆိုးယုတ်သူတို့နှင့် အတူနေထိုင်ကာ နေ့စဉ်နှင့်အမျှသူတို့ပြု ကျင့်သည့်ဆိုးညစ်မှုများကိုတွေ့မြင်ကြား သိသဖြင့် လွန်စွာစိတ်ဒုက္ခရောက်ခဲ့ရပေသည်။-
9-10 သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-
11 ဤမိစ္ဆာဆရာတို့ထက်များစွာတန်ခိုးစွမ်း ရည်ကြီးသောကောင်းကင်တမန်များပင် လျှင် သူတို့အားထာဝရဘုရား၏ရှေ့ တော်မှောက်တွင်စော်ကားပြောဆိုခြင်းကို မပြုကြ။-
12 သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-
13 သူတို့သည်သူတစ်ပါးတို့အားထိခိုက်နာ ကျင်စေသကဲ့သို့မိမိတို့လည်းထိခိုက် နာကျင်ရကြလိမ့်မည်။ သူတို့သည်နေ့ခင်း ကြောင်တောင်သေသောက်ကြူး၍ပျော်ပါး ကြ၏။ သူတို့သည်သင်တို့နှင့်အတူစားပွဲ တွင်ထိုင်၍စားသောက်လျက် သင်တို့၏ဂုဏ် သိက္ခာကိုညစ်စွန်းစေကြ၏။ သူတို့သည် လှည့်စားမှုကိုနှစ်သက်ကြ၏။-
14 သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-