6 ရှေးကမ္ဘာမြေကြီးကိုရေဖြင့်ပင်လျှင်လွှမ်း မိုးဖျက်ဆီးတော်မူခဲ့ကြောင်းကိုလည်း ကောင်းသူတို့သည်တမင်သက်သက်မေ့ လျော့ကြ၏။-
7 သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
8 သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-
9 လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။
10 သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
11-12 ဤအရာအားလုံးတို့သည်ဤသို့ပျက်စီး သွားရမည်ဆိုပါမူ သင်တို့သည်အဘယ် သို့သောသူများဖြစ်သင့်ကြသနည်း။ သင် တို့သည်ဘုရားသခင်၏နေ့ရက်ကိုစောင့် မျှော်၍ ထိုနေ့ရက်အမြန်ကျရောက်လာ စေရန်ကြိုးစားအားထုတ်လျက်နေကြစဉ် မိမိတို့ကိုယ်ကိုဖြူစင်သန့်ရှင်းစေပြီး လျှင်ဘုရားသခင်အားဆက်ကပ်သင့်ကြ ၏။ ထိုနေ့ရက်၌မိုးကောင်းကင်သည်မီးသင့် လောင်ကျွမ်း၍ပျက်စီးလိမ့်မည်။ ကြယ်တာ ရာများသည်လည်းအပူကြောင့်အရည် ပျော်ကြလိမ့်မည်။-
13 သို့ရာတွင်ငါတို့သည်ဘုရားသခင်ကတိ ထားတော်မူသည့်ဖြောင့်မတ်ခြင်းတရား တည်ရာမိုးကောင်းကင်သစ်နှင့်မြေကြီး သစ်ကိုစောင့်မျှော်လျက်နေကြ၏။