11 သင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။-
12 သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊-
13 မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။-
14 ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊-
15 သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
16 တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။-
17 ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။