26 ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
27 ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။
28 ရေလွှမ်းမိုးခြင်းဘေးလွန်ပြီးနောက်နောဧသည် နှစ်ပေါင်းသုံးရာငါးဆယ်ဆက်လက်အသက်ရှင်နေထိုင်၍၊-
29 အသက်ကိုးရာငါးဆယ်နှစ်ရှိသော်ကွယ်လွန်လေ၏။