ဆာ​လံ 111:3-9 BCL

3 ကိုယ်​တော်​ပြု​သ​မျှ​သော​အ​မှု​တော်​တို့​သည် ဂုဏ်​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​ပေ​သည်။ကိုယ်​တော်​၏​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။

4 ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

5 ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။

6 ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​၏​နယ်​မြေ များ​ကိုမိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​ခြင်း အား​ဖြင့် တန်​ခိုး​တော်​ကို​ပြ​တော်​မူ​လေ​ပြီ။

7 ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။

8 ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။

9 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား လွတ်​မြောက်​စေ​တော်​မူ​ပြီး​လျှင်သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​တော် မူ​၏။ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၍ တန်​ခိုး​ကြီး​တော်​မူ​ပါ​သည်​တ​ကား။