ဆာ​လံ 37:12-18 BCL

12 သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အားမ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။

13 သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်းထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။

14 သူ​ယုတ်​မာ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​အားသတ်​ဖြတ်​ရန်​လည်း​ကောင်း၊မှန်​ရာ​ကို​ပြု​သူ​တို့ အား အ​ဆုံး​စီ​ရင်​ရန်​လည်း​ကောင်းဋ္ဌား​များ​ကို​ဆွဲ​ထုတ်​၍​လေး​များ​ကို တင်​ကြ​၏။

15 သို့​ရာ​တွင်​ထို​သူ​တို့​သည်​မိ​မိ​၏​ဋ္ဌား​များ​ဖြင့် ပင်​လျှင် ထိုး​သတ်​ခံ​ကြ​ရ​လိမ့်​မည်။သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​ကုန်​ကြ လိမ့်​မည်။

16 သူ​တော်​ကောင်း​တစ်​ယောက်​၏​ဥစ္စာ​ပစ္စည်း အ​နည်း​ငယ်​သည်သူ​ယုတ်​မာ​အ​ပေါင်း​တို့​၏​စည်း​စိမ်​ချမ်း​သာ ထက် ပို​၍​တန်​ဖိုး​ရှိ​၏။

17 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​ယုတ်​မာ​တို့​၏​စွမ်း​ရည်​ကို​သိမ်း​ယူ​၍သူ​တော်​ကောင်း​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် တည်း။

18 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​အား​စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ပြည်​တော်​ကို​ထာ​ဝ​စဉ်​ပိုင်​ဆိုင် ရ​ကြ​လိမ့်​မည်။