33 သို့ရာတွင်ထာဝရဘုရားသည်သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
34 ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ကိုယ်တော်သည်သင့်အားပြည်တော်ကိုပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
35 ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
36 သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
37 သူတော်ကောင်းကိုကြည့်ရှုလော့။ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
38 သို့ရာတွင်အပြစ်ကူးသူတို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။
39 ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။