13 ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။
14 ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
15 သို့ရာတွင် အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။သို့ဖြစ်၍ကျွန်တော်မျိုး၏အရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏လျှောက်ထားချက်ကိုနားညောင်းတော်မူမည်ဖြစ်ပါ၏။
16 ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။
17 ကျွန်တော်မျိုးသည်ပြိုလဲလုပါပြီ။ဝေဒနာကိုအစဉ်ခံစားလျက်နေရပါ၏။
18 ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
19 ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။