5 ထာဝရဘုရားအားထိုက်လျောက်သည့်ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။
6 ``အို ထာဝရဘုရား၊ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့်ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
7 သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည်ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။
8 ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။အို ထာဝရဘုရား၊ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။