10 မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။
11 ``သို့ရာတွင်ငါ၏လူမျိုးတော်သည်ဂရု မစိုက်ဘဲခေါင်းမာလျက် ငါ့စကားကိုနား မထောင်ကြ။ သူတို့သည်နားကိုပိတ်ထား ကြ၏။-
12 စိတ်နှလုံးကိုကျောက်ကဲ့သို့မာကျောစေ ကြ၏။ သူတို့သည်ရှေးပရောဖက်များအား ဖြင့်ငါပေးအပ်ခဲ့သည့်သွန်သင်ချက်များ ကိုနားမထောင်သဖြင့် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည်ပြင်းစွာအမျက် ထွက်ခဲ့သည်။-
13 ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။-
14 မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။