21 ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-
22 အခြားသောဣသရေလအနွယ်ဝင်တို့သည် တဲတော်အနီးသို့မချဉ်းကပ်ရ၊ ချဉ်းကပ်မိ သောသူတို့သည်သေဒဏ်ခံရမည်။-
23-24 ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
25-26 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် လေဝိ အနွယ်ဝင်တို့အား``ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အလှူ ကိုသင်တို့အားပေးသောအခါ သင်တို့သည် ထိုအလှူ၏ဆယ်ဖို့တစ်ဖို့ကိုထာဝရဘုရား အား အထူးအလှူအဖြစ်ဆက်သရမည်။-
27 ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
28 ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။-
29 သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။-