9 သို့ရာတွင်ထိုကပ်ရောဂါကြောင့်လူပေါင်း နှစ်သောင်းလေးထောင်သေဆုံးပြီးဖြစ်သည်။
10 ထာဝရဘုရားကမောရှေအား၊-
11 ``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
12 ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။-
13 သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
14 မိဒျန်အမျိုးသမီးနှင့်အတူအသတ်ခံရ သော ဣသရေလအမျိုးသားနာမည်သည်ကား ရှိမောင်အနွယ်ဝင်မိသားစု၏အကြီး အကဲဖြစ်သူသာလု၏သားဇိမရိဖြစ် သတည်း။-
15 အမျိုးသမီး၏နာမည်မှာကောဇဘိဖြစ်၏။ သူ၏ဖခင်ဇုရသည်မိဒျန်သားချင်းစု တစ်စုတွင်အကြီးအကဲဖြစ်သည်။