တော​လည် 33:15-37-52 BCL

15-37 သူ​တို့​သည်​ရေ​ဖိ​ဒိမ်​စ​ခန်း​မှ​ဟော​ရ​တောင် သို့ သွား​သော​ခ​ရီး​လမ်း​တွင်​ရပ်​နား​သော စ​ခန်း​များ​နာ​မည်​စာ​ရင်း​မှာ​သိ​နာ​တော ကန္တာ​ရ၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​သို့​မ​ဟုတ်``မွတ်​သိပ် ရာ​သင်္ချိုင်း၊'' ဟာ​ဇ​ရုတ်၊ ရိ​သ​မ၊ ရိမ္မုန်​ဖာ​ရက်၊ လိ​ဗ​န၊ ရိ​ဿ၊ ကေ​ဟ​လာ​သ၊ ရှာ​ဖာ​တောင်၊ ဟာ​ရ​ဒ၊ မက္က​လုတ်၊ တာ​ဟတ်၊ တာ​ရ၊ မိ​သ​ကာ၊ ဟာ​ရှ​မော​န၊ မော​သ​ရုတ်၊ ဗင်္ယာ​ကန်၊ ဟော​ရ ဂိဒ်​ဂဒ်၊ ယုမ္ဘာ​သ၊ ဧ​ဗြော​န၊ ဧ​ဇ​ယုန်​ဂါ​ဗာ၊ ဇိ​န​တော​ကန္တာ​ရ(ယင်း​သည်​ကာ​ဒေ​ရှ​ဖြစ်​၏) ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဟော​ရ​တောင်​တို့​ဖြစ် သည်။

38-39 ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် သို့​တက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​အီ​ဂျစ်​ပြည်​မှ ထွက်​လာ​ခဲ့​ပြီး​နောက် လေး​ဆယ်​မြောက်​သော​နှစ်၊ ပဉ္စ​မ​လ၊ လ​ဆန်း တစ်​ရက်​နေ့​တွင်​အ​သက်​တစ်​ရာ့​နှစ်​ဆယ့် သုံး​နှစ်​ရှိ​သော​အာ​ရုန်​သည် ထို​တောင်​ပေါ် တွင်​အ​နိစ္စ​ရောက်​လေ​သည်။

40 ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။

41-49 ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။

50 ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-

51 မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-

52 ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-