တော​လည် 33:53-56 BCL

53 ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-

54 ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-

55 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-

56 သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။