1 ထာဝရဘုရားကမောရှေအား၊
2 ``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊
3 အသက်သုံးဆယ်မှငါးဆယ်အထိထာဝရ ဘုရားစံတော်မူရာတဲတော်တွင် အမှုတော် ဆောင်နိုင်မည့်အမျိုးသားအားလုံးတို့ကို ဘိုးဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူလော့။-
4 သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
5 ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။-
6 ကန့်လန့်ကာအပေါ်တွင်နူးညံ့သောသားရေ ဖုံးအုပ်ပြန်၍ ထိုအပေါ်တွင်အပြာထည်ကို ထပ်မံ၍အုပ်ရမည်။ ထိုနောက်ထမ်းပိုးများ ကိုကွင်းများတွင်လျှိုသွင်းရမည်။