18-19 ``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
20 ကောဟတ်၏သားချင်းစုတို့သည်တဲတော်ထဲ သို့ဝင်၍သန့်ရှင်းသောပစ္စည်းများကိုခေတ္တ မျှကြည့်မိလျှင်အသက်သေဆုံးရကြ မည်'' ဟုမိန့်တော်မူ၏။
21 ထာဝရဘုရားသည်မောရှေအား၊
22-23 လေဝိအနွယ်ဝင်ဂေရရှုန်၏သားချင်းစုတို့ မှအသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ထာဝရဘုရားစံတော်မူရာတဲတော်၌အမှု ထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုးဘေးဆွေ မျိုးဘက်မှမိသားစုအလိုက်စာရင်းကောက် ယူရန်အမိန့်ပေးတော်မူ၏။-
24-25 သူတို့တာဝန်မှာ၊- တဲတော်၊ တဲတော်အောက်ခံ အမိုး၊ အပြင်အမိုး၊ နူးညံ့သောအပေါ်ဆုံး ထပ်သားရေမိုး၊-
26 တဲတော်တံခါးဝကန့်လန့်ကာ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ရှိကန့်လန့်ကာများနှင့် ကြိုးများ၊ တဲတော်ဝင်းပေါက်ကန့်လန့်ကာ များအစရှိသည်တို့ကိုလည်းကောင်း၊ ထို ပစ္စည်းများကိုတပ်ဆင်ရာ၌အသုံးပြု သောတန်ဆာပလာအားလုံးတို့ကိုလည်း ကောင်းသယ်ဆောင်ရန်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းများနှင့်ဆိုင်၍ ဆောင်ရွက်ရန်ရှိ သမျှတို့ကိုတာဝန်ယူရမည်။-
27 ဂေရရှုန်သားချင်းစုတို့သည်အာရုန်နှင့် သူ ၏သားများသတ်မှတ်ပေးသောဝတ္တရားများ နှင့်သယ်ဆောင်မှုရှိသမျှကိုဆောင်ရွက်ရန် မောရှေနှင့်အာရုန်တို့ကကြပ်မတ်ပေးရမည်။-