တ​ရား​ဟော 13:1-4 BCL

1 ``သင်​တို့​တွင်​ပ​ရော​ဖက်​သို့​မ​ဟုတ် အိပ်​မက် ကို​ဖတ်​တတ်​သူ​တစ်​ဦး​ဦး​က၊-

2 သင်​တို့​ယ​ခင်​က​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ဘူး သော​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ရန် အ​လို့​ငှာ​နိ​မိတ်​လက္ခ​ဏာ​ကို​သော်​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​ကို​သော်​လည်း​ကောင်း​ပြု​မည် ဟု​ပြော​လိမ့်​မည်။ သူ​ပြော​သည့်​အ​တိုင်း နိ​မိတ် လက္ခ​ဏာ​နှင့်​အံ့​ဖွယ်​သော​အ​မှု​ကို​ပြ​နိုင် သည့်​တိုင်​အောင်၊-

3 ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-

4 ထာ​ဝ​ရ​ဘု​ရား​၏​ဦး​ဆောင်​မှု​ကို​ခံ​ယူ​၍ ကိုယ် တော်​ကို​ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​၏ ပညတ်​တော်​တို့​ကို​စောင့်​ထိန်း​၍ စ​ကား​တော် ကို​နား​ထောင်​လော့။ ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​၍ ကိုယ်​တော်​အား​သစ္စာ​ရှိ​လော့။-