တ​ရား​ဟော 13:7-13 BCL

7 သူ​တို့​တစ်​ဦး​ဦး​က​သင်​တို့​အ​နီး​အ​ပါး တွင်​နေ​ထိုင်​သူ သို့​မ​ဟုတ်​သင်​တို့​နှင့်​ဝေး​သော အ​ရပ်​တွင်​နေ​ထိုင်​သူ​တို့​၏​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဖြား​ယောင်း​ပေ​လိမ့်​မည်။-

8 ထို​အ​ခါ​သင်​တို့​သည်​သူ​ဖြား​ယောင်း​သည့် အ​တိုင်း​မ​လိုက်​လျော​နှင့်။ သူ​ပြော​သည့်​စ​ကား ကို​ပင်​နား​မ​ထောင်​နှင့်။ သူ့​အား​ထောက်​ထား ညှာ​တာ​ခြင်း​မ​ပြု​ရ။ အ​ကာ​အ​ကွယ်​မ​ပေး​ရ။-

9 သူ့​ကို​သတ်​ပစ်​လော့။ သူ့​ကို​သေ​ဒဏ်​စီ​ရင် ရာ​တွင် သင်​သည်​သူ့​ကို​အ​ဦး​ဆုံး​ကျောက်​ခဲ နှင့်​ပစ်​သူ​ဖြစ်​ရ​မည်။ ထို့​နောက်​မှ​အ​ခြား သူ​များ​ကို​ကျောက်​ခဲ​နှင့်​ပစ်​စေ​ရ​မည်။-

10 သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-

11 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ဤ​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် မည်​သူ မျှ​ထို​ကဲ့​သို့​သော​ဒု​စ​ရိုက်​ကို​နောက်​တစ်​ဖန် ကူး​လွန်​ဝံ့​ကြ​မည်​မ​ဟုတ်​ချေ။''

12 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော မြို့​များ​တွင်​နေ​ထိုင် ကြ​သော​အ​ခါ​သင်​၏​အ​မျိုး​သား​ထဲ​မှ၊-

13 အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-