မိက္ခာ 1:4-10 BCL

4 ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။

5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-

6 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။-

7 ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

8 ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-

9 ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။

10 ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။-