5 တိုင်းပြည်သည်လည်းငြိမ်းချမ်းသာယာ လိမ့်မည်။အာရှုရိအမျိုးသားတို့သည်ငါတို့၏နိုင်ငံ ကိုတိုက်ခိုက်၍ ငါတို့၏ခံတပ်များကိုချိုး ဖောက်ဝင်ရောက်ကြသောအခါ၊ ငါတို့တွင် ခွန်အားကြီးသောခေါင်းဆောင်များကိုစေ လွှတ်၍ ရန်သူတို့ကိုခုခံတိုက်ခိုက်မည်။-
6 သူတို့သည်လက်နက်အင်အားဖြင့်အာရှုရိ ပြည်၊ နိမ်ရောဋ္ဌပြည်ကိုတိုက်ခိုက်အောင်မြင် ကြလိမ့်မည်။ အာရှုရိအမျိုးသားများက ငါတို့၏နယ်မြေကိုဝင်ရောက်တိုက်ခိုက်သော အခါ ထိုခေါင်းဆောင်များသည်ငါတို့ အားရန်သူ၏လက်မှကယ်တင်လိမ့်မည်။
7 အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
8 တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
9 ဣသရေလအမျိုးသားတို့သည်ရန်သူ များကို တိုက်ခိုက်ချေမှုန်းကြလိမ့်မည်။
10 ထာဝရဘုရားက``ထိုအချိန်တွင်ငါသည် သင်တို့၏မြင်းများကိုဖယ်ရှား၍ သင်တို့၏ စစ်ရထားများကိုဖျက်ဆီးမည်။-
11 ငါသည်သင်တို့ပြည်တွင်ရှိသောမြို့များ ကိုဖျက်ဆီး၍ သင်တို့၏ခံတပ်များကို ဖြိုဖျက်မည်။-