15 ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
16 အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။-
17 တစ်စုံတစ်ယောက်သောသူသည်ထိုမင်းများ ပုန်းအောင်းနေသည်ကိုတွေ့သဖြင့် ယောရှု ထံသို့အကြောင်းကြားလေသည်။-
18 ယောရှုက``လိုဏ်ဂူဝကိုကျောက်တုံးကြီး များဖြင့်ပိတ်ထားလော့။ အစောင့်လည်းချ ထားလော့။-
19 သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။-
20 ယောရှုနှင့်ဣသရေလအမျိုးသားတို့သည် ရန်သူမြောက်မြားစွာတို့ကိုသတ်ဖြတ်ကြ၏။ သို့ရာတွင်ရန်သူအချို့တို့သည်လွတ်မြောက် ၍တံတိုင်းကာရံထားသောမြို့များထဲသို့ ဝင်ရောက်ခိုအောင်းသဖြင့်အသက်ချမ်းသာ ရာရကြ၏။-
21 ထိုနောက်ဣသရေလတပ်သားအားလုံးတို့ သည် ဘေးကင်းစွာယောရှုရှိရာမက္ကဒါစခန်း သို့ပြန်လာကြလေသည်။ထိုပြည်တွင်မည်သူမျှဣသရေလအမျိုး သားတို့အား အပြစ်တင်သောစကားကိုပင် မပြောဝံ့ချေ။