7 ထို့ကြောင့်ယောရှုသည်လက်ရွေးစင်စစ်သူရဲ များပါဝင်သော ဣသရေလတပ်မတော်တစ် တပ်လုံးနှင့်ဂိလဂါလမြို့မှချီတက်လာ လေသည်။-
8 ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
9 ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
10 ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-
11 ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
12 အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟုဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
13 ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။-