ယေ​ဇ​ကျေ​လ 21:10-16 BCL

10 သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

11 အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန်ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။

12 အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက်ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။

13 ငါ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည့် ယု​ဒ​၏ ရာ​ဇ​လှံ​တံ​တော်​ပျက်​စီး​မည့်​အ​ချိန်​ကိုအ​ကဲ​ခတ်​နေ​ခြင်း​ဖြစ်​၏​ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

14 ``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-

15 ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။-

16 အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-