ယေ​ဇ​ကျေ​လ 27:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊-

2 ``အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက်​ငို​ချင်း​ကို ဖွင့်​ဆို​လော့။-

3 ထို​မြို့​သည်​ပင်​လယ်​ကမ်း​စပ်​တွင်​ရှိ​၍ ပင်​လယ် ကမ်း​ခြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​ကုန် သွယ်​ဘက်​ဖြစ်​၏။ သူ့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့်​ဆို လော့။``အ​ချင်း​တု​ရု​မြို့၊ သင်​သည်​အ​ပြစ်​ဆို​ဖွယ် မ​ရှိ​အောင်​လှ​ပ​တင့်​တယ်​သည့်​အ​တွက်​ဝါ ကြွား​တတ်​၏။

4 ပင်​လယ်​သည်​သင်​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။သင်​၏​ဗိ​သု​ကာ​တို့​သည်​သင့်​အား​လှ​ပ​စွာ တည်​ဆောက်​ထား​ကြ​၏။

5 သူ​တို့​သည်​ဟေ​ရ​မုန်​တောင်​မှ ထင်း​ရှူး​ပင်​များ​ကို​ပျဉ်​အ​တွက်၊လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​ကို ရွက်​တိုင်​အ​တွက်​အ​သုံး​ပြု​ကြ​၏။

6 လှော်​တက်​များ​ကို​ပြု​လုပ်​ရန်​ဗာ​ရှန်​တော​မှ ဝက်​သစ်​ချ​ပင်​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။သင်​၏​ကုန်း​ပတ်​ကို​ကု​ပ​ရု​ကျွန်း​မှ​ရ​သောထင်း​ရှူး​ဖြင့်​ပြု​လုပ်​ကာ​ဆင်​စွယ်​များ​ဖြင့် ချယ်​လှယ်​ထား​ကြ​၏။