ယေ​ဇ​ကျေ​လ 27:11-17 BCL

11 အာ​ဝဒ်​မြို့​မှ​စစ်​သူ​ရဲ​များ​က​သင်​၏​မြို့​ရိုး များ​ကို​လည်း​ကောင်း၊ ဂမ္မ​ဒိမ်​မြို့​သား​တို့​က သင်​၏​ပြ​အိုး​တို့​ကို​လည်း​ကောင်း​စောင့်​ကြပ် ပေး​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ဒိုင်း​လွှား များ​ကို​သင်​တို့​၏​မြို့​ရိုး​တွင်​ဆွဲ​ချိတ်​ထား ကြ​၏။ သင့်​အား​လှ​ပ​တင့်​တယ်​စေ​သူ​များ ကား​ထို​သူ​တို့​ပင်​ဖြစ်​သ​တည်း။

12 ``သင်​သည်​မိ​မိ​၏​များ​မြောင်​သော​ကုန်​စည် တို့​ကို​တာ​ရှု​မြို့​တွင် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့ နှင့်​လဲ​လှယ်​ကာ​ကုန်​သွယ်​မှု​ကို​ပြု​၏။-

13 ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့​နှင့်​မေ​ရှက်​မြို့​တို့ တွင်​သင်​၏​ကုန်​စည်​များ​ကို​ကျွန်​များ၊ ကြေး နီ​အိုး​များ​နှင့်​လဲ​လှယ်​၏။-

14 တော​ဂါ​မ​မြို့​မှ​လာ​သော​ခိုင်း​မြင်း၊ စီး​မြင်း နှင့်​လား​များ​ကို​သင်​သည်​မိ​မိ​၏​ကုန်​စည် များ​နှင့်​လဲ​လှယ်​၏။-

15 ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။-

16 ရှု​ရိ​ပြည်​သား​တို့​သည်​သင်​ထုတ်​လုပ်​သည့် ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ကို​ဝယ်​ယူ​ကာ ယင်း တို့​၏​တန်​ဖိုး​ကို​မြ၊ ကျောက်​နီ၊ မ​ရမ်း​စေ့ ရောင်​အ​ထည်​အ​လိပ်၊ ပန်း​ထိုး​ထည်၊ ပိတ်​ချော၊ သန္တာ​နှင့်​ပတ္တမြား​တို့​ဖြင့်​ပေး​ချေ​ကြ​၏။-

17 ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။-