ယေ​ဇ​ကျေ​လ 42:1-2-5 BCL

1-2 ထို​လူ​သည်​ငါ့​အား​တံ​တိုင်း​အ​ပြင်​ဝင်း အ​တွင်း​သို့​ခေါ်​ဆောင်​ကာ​ဗိ​မာန်​တော်​မြောက် ဘက်​၌​ရှိ​သော​အ​ဆောက်​အ​အုံ​သို့​ခေါ် ဆောင်​သွား​၏။ ထို​အ​ဆောက်​အ​အုံ​သည် အ​လျား​တစ်​ရာ​ခု​နစ်​ဆယ်​ပေ၊ အ​နံ​ရှစ် ဆယ့်​ငါး​ပေ​ရှိ​၍​ဗိ​မာန်​တော်​အ​နောက် ဘက်​၌​ရှိ​သည့်​အ​ဆောက်​အ​အုံ​နှင့် မ​ဝေး​ချေ။-

3 ယင်း​သည်​တစ်​ဖက်​ဗိ​မာန်​တော်​နှင့်​ယှဉ်​၍​သုံး ဆယ့်​လေး​ပေ​ကျယ်​သော​မြေ​ကွက်​လပ်​ကို လည်း​ကောင်း၊ တံ​တိုင်း​အ​ပြင်​ဝင်း​၏​နောက် ဘက်​မှ​ကျောက်​သ​မံ​တ​လင်း​ခင်း​လမ်း​ကို လည်း​ကောင်း​မျက်​နှာ​မူ​၍​နေ​၏။ ထို​အ​ဆောက် အ​အုံ​ကို​အ​ဆင့်​ဆင့်​မြင့်​တက်​လာ​သော မြေ​ပြင်​သုံး​ဆင့်​အ​ပေါ်​တွင်​တည်​ဆောက် ထား​လေ​သည်။-

4 မြောက်​ဘက်​၌​ယင်း​ကို​ယှဉ်​လျက်​နေ​သည့် လမ်း​တစ်​သွယ်​ရှိ​၏။ ထို​လမ်း​သည်​အ​လျား ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​တစ်​ဆယ့်​ခု​နစ် ပေ​ရှိ​၏။ ထို​မြောက်​ဘက်​၌​ပင်​လျှင်​ထို အ​ဆောက်​အ​အုံ​သို့​ဝင်​ရန်​အ​ပေါက်​များ ရှိ​လေ​သည်။-

5 အ​မြင့်​ပိုင်း​တွင်​ရှိ​သည့်​အ​ခန်း​များ​သည် အ​လယ်​ပိုင်း​နှင့်​အ​နိမ့်​ပိုင်း​တွင်​ရှိ​သည့် အ​ခန်း​များ​ထက်​ပို​၍​ကျဉ်း​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​အ​ခန်း​တို့​ကို​နောက်​သို့ ဆုတ်​၍​ဆောက်​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။-