16 ထိုမြို့သည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍တစ်ဘက်စီနှစ်ထောင့်ငါးရာနှစ်ဆယ်ကိုက်ရှိရမည်။-
17 မြို့၏အရှေ့အနောက်၊ တောင်မြောက်အရပ်လေးမျက်နှာတို့တွင်အနံကိုက်တစ်ရာ့လေးဆယ်ရှိသောမြေကွက်လပ်တစ်ခုစီရှိရမည်။-
18 မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့်နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသောမြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေတို့သည်မြို့သူမြို့သားတို့ထွန်ယက်စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။-
19 ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
20 သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။
21-22 ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
23-27 ဤအထူးနယ်မြေ၏တောင်ဘက်၌အခြားအနွယ်တို့သည်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကိုမြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိရကြမည်။ဗင်္ယာမိန်ရှိမောင်ဣသခါဇာဗုလုန်ဂဒ်