23-27 ဤအထူးနယ်မြေ၏တောင်ဘက်၌အခြားအနွယ်တို့သည်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကိုမြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိရကြမည်။ဗင်္ယာမိန်ရှိမောင်ဣသခါဇာဗုလုန်ဂဒ်
28 ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။
29 အရှင်ထာဝရဘုရားက``ဖော်ပြသောနည်းအတိုင်းဣသရေလအနွယ်တို့ပိုင်ဆိုင်ခွင့်ရစေရန်မြေယာဝေစုများကိုခွဲဝေသောနည်းဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
30-34 ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများမှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခုလျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ်ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါးတို့ကိုဣသရေလအနွယ်စုတို့၏နာမည်များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက်မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍လည်းကောင်းနာမည်ပေးထားသတည်း။
35 မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။