22 ကိုယ်တော်ရှင်သည် သူတို့၏ဘိုးဘေးများ အားကတိထားတော်မူခဲ့သည့်အတိုင်းချမ်း သာကြွယ်ဝ၍ အသီးအနှံပေါများသည့် ဤပြည်တော်ကိုသူတို့အားပေးအပ်တော် မူပါ၏။-
23 သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
24 ``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
25 သို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။
26 ထိုအခါထာဝရဘုရားကငါ့အား၊-
27 ``ငါသည်လူသားအပေါင်းတို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏။ ငါမတတ် နိုင်လောက်အောင်ခက်ခဲသည့်အမှုအရာ ဟူ၍မရှိ။-
28 ထို့ကြောင့်ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့် သူ့တပ်မတော်၏လက်သို့ ပေးအပ်မည်။ သူတို့သည်ဤမြို့ကိုသိမ်းယူ ကြလိမ့်မည်။-