41 သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
42 ``ငါသည်ဤဘေးအန္တရာယ်ဆိုးကို သူတို့ အပေါ်သို့သက်ရောက်စေခဲ့သည့်နည်းတူ သူ တို့အားငါကတိရှိခဲ့သည့်ကောင်းကျိုး ချမ်းသာမှန်သမျှကိုခံစားစေမည်။-
43 ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
44 လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။