9 ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။-
10 ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
11 ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊-
12 မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-
13 ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊-
14 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။-
15 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။