22 ထိုကာလသည်ဆောင်းအခါဖြစ်၍မင်း ကြီးသည် မိမိ၏ဆောင်းရာသီစံနန်း အတွင်းမီးအိုးကင်းရှေ့တွင်ထိုင်လျက်နေ၏။-
23 ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-
24 သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။-
25 ဧလနာသန်၊ ဒေလာယနှင့်ဂေမရိတို့ သည်မင်းကြီးအား ထိုစာလိပ်ကိုမီးမရှို့ ရန်လျှောက်ထားတောင်းပန်ကြသော်လည်း မင်းကြီးသည်သူတို့၏ပန်ကြားချက်ကို နားမထောင်ချေ။-
26 ထိုနောက်သူသည်အာဇရေလ၏သား၊ စရာယ၊ အာဗဒေလ၏သားရှေလမိတို့နှင့်အတူ သားတော်ယေရမေလအား ငါနှင့်ငါ၏စာ ရေးဗာရုတ်ကိုဖမ်းဆီးရန်အမိန့်ပေးလေ သည်။ သို့ရာတွင်ထာဝရဘုရားသည်ငါ တို့နှစ်ယောက်အားဝှက်ထားတော်မူ၏။
27 ဗာရုတ်အားငါနှုတ်တိုက်ချပေးသည့်စာလိပ် ကိုမင်းကြီးမီးရှို့လိုက်ပြီးနောက်ထာဝရ ဘုရားသည်ငါ့အား၊-
28 ``သင်သည်အခြားစာလိပ်တစ်ခုကိုယူ၍ ယောယကိမ်မင်းမီးရှို့လိုက်သည့်စာလိပ်တွင် ပါရှိသမျှသောစကားတို့ကိုရေးမှတ်၍ ထားလော့။-