16 ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
17 ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
18 ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
19 ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
20 အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
21 ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။