3 ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
4 ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
5 ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
6 ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
7 `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
8 ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။-
9 ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-