7 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-
8 သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
9 ယုဒမြို့များနှင့်ယေရုရှလင်လမ်းများပေါ် တွင် သင်တို့၏ဘိုးဘေးများ၊ ယုဒဘုရင်များ နှင့်မိဖုရားများ၊ သင်တို့နှင့်သင်တို့၏ဇနီး များပြုကျင့်ခဲ့ကြသည့်အကျင့်ဆိုးများ ကိုသင်တို့မေ့လျော့သွားကြလေပြီလော။-
10 သင်တို့သည်ယနေ့တိုင်အောင်ပင်စိတ်နှလုံး နှိမ့်ချမှုမရှိကြသေးပေ။ ငါ့ကိုကြောက်ရွံ့ ရိုသေမှုမရှိ။ သင်တို့နှင့်သင်တို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပညတ်များ နှင့်နည်းဥပဒေကိုလည်းလိုက်နာကျင့်သုံး မှုမပြုကြ။
11 ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် သင်တို့အပေါ်သို့ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေ၍ယုဒပြည်ကိုပျက် ပြုန်းစေမည်။-
12 ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
13 ငါသည်ယေရုရှလင်မြို့အားအပြစ်ဒဏ် ခတ်သကဲ့သို့အီဂျစ်ပြည်တွင်နေထိုင်သူ တို့ကိုလည်းစစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့် အပြစ်ဒဏ်ခတ်မည်။-