14 သို့ဖြစ်၍ရုသသည်မိုးသောက်ချိန်တိုင်အောင် ဗောဇ၏ခြေရင်းတွင်အိပ်လျက်နေ၏။ သို့သော် လည်းဗောဇသည်ရုသရောက်ရှိလာကြောင်း ကို အဘယ်သူမျှမသိစေလိုသောကြောင့် ရုသသည်မိုးမလင်းမီအိပ်ရာမှထလေ သည်။-
15 ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။-
16 သူသည်မိမိ၏ယောက္ခမထံသို့ရောက်သော အခါ ယောက္ခမက``ငါ့သမီး၊ သင့်အရေး အဘယ်သို့နည်း'' ဟုမေး၏။ရုသသည်ဗောဇပြုသမျှကိုနောမိ အားပြန်ကြားပြီးနောက်၊-
17 ``သူသည်ကျွန်မအား`မိခင်ထံသို့လက်ချည်း သက်သက်မပြန်ရ' ဟုဆိုကာဤမုယောစပါး ကိုပေးလိုက်ပါသေးသည်'' ဟုပြော၏။
18 နောမိက``ရုသ၊ ဤအမှုအဘယ်သို့အဆုံး သတ်သည် ကိုသိရှိရသည်တိုင်အောင်စိတ်ရှည် လျက်စောင့်နေပါလော့။ ဗောဇသည်ယနေ့ ဤကိစ္စမပြီးပြတ်မချင်း နားနေလိမ့်မည် မဟုတ်'' ဟုဆို၏။