ရှောလမုန်သီချင်း။ 4:1-6 BCL

1 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။

2 နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။

3 လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

4 ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။

5 မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။

6 ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။