ဝတ်​ပြု 12:1-2-5 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အောက်​ပါ​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ အ​မျိုး သ​မီး​တစ်​ဦး​သည်​ဋ္ဌမ္မ​တာ​ရာ​သီ​ပေါ်​ချိန်​၌ မ​သန့်​ရှင်း​သ​ကဲ့​သို့ သား​ယောကျာ်း​ကို​ဖွား​မြင် ပြီး​ခု​နစ်​ရက်​အ​တွင်း​တွင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။-

3 အ​ဋ္ဌ​မ​နေ့​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို သား​အား​ပေး​ရ​မည်။-

4 မိ​ခင်​သည်​နောက်​ထပ်​သုံး​ဆယ့်​သုံး​ရက်​အ​တွင်း ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သ​ဖြင့် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ​သန့်​ရှင်း​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မ​ထိ​မ​ကိုင်​ရ။ တဲ တော်​အ​တွင်း​သို့​လည်း​မ​ဝင်​ရ။

5 သ​မီး​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​သည် ဋ္ဌမ္မ တာ​ရာ​သီ​ပေါ်​ချိန်​၌​မ​သန့်​ရှင်း​သ​ကဲ့​သို့ မီး ဖွား​ပြီး​တစ်​ဆယ့်​လေး​ရက်​အ​တွင်း​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။ မိ​ခင်​သည် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ နောက်​ထပ်​ခြောက် ဆယ့်​ခြောက်​ရက်​အ​တွင်း​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​ရှင်း​ချေ။