1-2 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။-
3 အာရုန်သည်တဲတော်တွင်းအလွန်သန့်ရှင်း သောဌာနတော်၌တည်ရှိသည့် ပဋိညာဉ် သေတ္တာတော်ရှေ့ကန့်လန့်ကာအပြင်ဘက် တွင်မီးတိုင်ကိုညနေတိုင်းထွန်းညှိရမည်။ ထိုမီးတိုင်သည်ရှေ့တော်၌ညနေမှနံနက် သို့တိုင်အောင်ထွန်းတောက်လျက်ရှိစေရမည်။ သင်တို့သည်ဤပညတ်ကိုထာဝစဉ်စောင့် ထိန်းရကြမည်။-
4 အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
5 မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။-
6 ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-