10 ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
11 သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
12 ထိုနှစ်တစ်နှစ်လုံးသည်သင်တို့အတွက်နှစ် ထူးနှစ်မြတ်ဖြစ်၏။ သင်တို့သည်လယ်မှ အလိုအလျောက်ထွက်သမျှကိုသာစား သုံးရကြမည်။
13 အရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။-
14 သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
15 နောက်တစ်ကြိမ်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်မကျရောက်မီ မြေမှအသီးအနှံထွက် မည့်နှစ်အနည်းအများကိုတွက်ချက်၍ မြေ၏တန်ဖိုးကိုဖြတ်ရမည်။-
16 အရောင်းအဝယ်ပြုလုပ်ရာ၌မြေမှအသီး အနှံထွက်အကြိမ်ပေါင်းကိုတွက်ချက်၍ ရောင်း ဝယ်ရသည်ဖြစ်သောကြောင့် အသီးအနှံထွက် မည့်နှစ်အနည်းအများအလိုက်မြေတန်ဖိုး ကိုဖြတ်ရမည်။-