ဝတ်​ပြု 25:23-29 BCL

23 မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။

24 မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။-

25 ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-

26 ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။-

27 ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။-

28 အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။

29 မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။-