ဝတ်​ပြု 27:21-27 BCL

21 ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။

22 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​ယူ​ထား သော​လယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​လျှင်၊-

23 ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ​သေး သော​နှစ်​များ​ကို​ရေ​တွက်​၍ လယ်​မြေ​၏​တန်​ဖိုး ကို​သတ်​မှတ်​ရ​မည်။ ထို​သူ​သည်​လယ်​မြေ​၏ တန်​ဖိုး​ကို ထို​နေ့​၌​ပင်​ပေး​ဆောင်​ရ​မည်။ ထို ငွေ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သည်။-

24 ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကျ​ရောက် သည့်​အ​ခါ ထို​လယ်​မြေ​ကို​မူ​လ​ပိုင်​ရှင်​သို့ မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ်​များ​လက်​သို့ ပြန်​လည်​ပေး​အပ်​ရ​မည်။

25 တန်​ဖိုး​ငွေ​များ​ကို ကျပ်​ချိန်​တော်​အ​ရ​သတ် မှတ်​ရ​မည်။

26 နွား​ဦး​ပေါက်​ဖြစ်​စေ၊ သိုး​ဦး​ပေါက်​ဖြစ်​စေ၊ ဆိတ်​ဦး​ပေါက်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သာ​ဆိုင်​သော​ကြောင့် မည်​သူ​မျှ​ယင်း​တို့​ကို စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​ရ။-

27 သို့​ရာ​တွင်​မ​သန့်​စင်​သော​တိ​ရစ္ဆာန်​၏​သား ဦး​ပေါက်​ကို​မူ​ကား ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​၍​ပြန်​ဝယ်​ယူ​ရ​မည်။ အ​ကယ်​၍​ထို တိ​ရစ္ဆာန်​ကို​ပြန်​၍​မ​ဝယ်​ယူ​လို​လျှင် အ​ခြား သူ​တစ်​ယောက်​အား​ကျပ်​ချိန်​တော်​အ​ရ တန်​ဖိုး​ဖြင့်​ရောင်း​ရ​မည်။