ဝတ်​ပြု 9:1-5 BCL

1 သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။-

2 ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-

3-4 ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်၊ အ​ပြစ်​အ​နာ​ကင်း​သော​တစ်​နှစ်​သား အ​ရွယ်​နွား​က​လေး​တစ်​ကောင်​နှင့် သိုး​ငယ် တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်၊ နွား​ထီး တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို မိတ်​သ​ဟာ ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဆင့်​ဆို​လော့။ သူ​တို့ သည်​ထို​ယဇ်​ကောင်​များ​ကို​ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ယ​နေ့​တွင်​ထာ ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ တော်​မူ​မည်'' ဟု​ဆို​၏။

5 ထို့​ကြောင့်​သူ​တို့​သည်​မော​ရှေ​မှာ​ကြား​သော အ​ရာ​ရှိ​သ​မျှ​ကို တဲ​တော်​အ​ရှေ့​သို့​ယူ ဆောင်​ခဲ့​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ရန်​စု​ဝေး​ရောက်​ရှိ​လာ​ကြ​၏။-