1 ယောရှုကွယ်လွန်သွားသောအခါ ဣသရေလ အမျိုးသားတို့က``မည်သည့်အနွယ်ဝင်သည် ခါနာန်ပြည်သားတို့အား ဦးစွာပထမသွား ရောက်တိုက်ခိုက်ရပါမည်နည်း'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။
2 ထာဝရဘုရားက``ယုဒအနွယ်သည် ပထမသွားရောက်ရမည်။ ငါသည်ထိုပြည် ကိုသူတို့လက်သို့အပ်မည်'' ဟုမိန့်တော်မူ၏။
3 ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
4 ယုဒအနွယ်ဝင်တို့နှင့်အတူစစ်ပွဲဝင် ကြ၏။ ထာဝရဘုရားသည်လည်းသူတို့အား ခါနာန်ပြည်သားများနှင့်ဖေရဇိပြည်သား တို့အပေါ်၌အောင်ပွဲခံစေတော်မူသဖြင့် သူတို့သည်ဗေဇက်မြို့တွင်ရန်သူတပ်သား ပေါင်းတစ်သောင်းကိုတိုက်ခိုက်အောင်မြင် လိုက်ကြ၏။-
5 ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-