သူ​ကြီး 11:35-40 BCL

35 ယေ​ဖ​သ​သည်​သူ့​ကို​မြင်​သော​အ​ခါ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက် မိ​မိ​အ​ဝတ်​ကို​ဆွဲ ဆုတ်​ကာ``အို ငါ့​သမီး၊ သင်​သည်​ငါ​၏​စိတ်​နှ​လုံး ကို​ကြေ​ကွဲ​စေ​လေ​ပြီ။ ငါ့​အား​စိတ်​ဝေ​ဒ​နာ ခံ​စား​စေ​သူ​မှာ​အ​ဘယ်​ကြောင့်​သင်​ဖြစ်​ရ ပါ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကြီး​လေး​သည့်​သစ္စာ​က​တိ​ကို​ပြန်​လည်​ရုတ် သိမ်း​၍​မ​ရ​တော့​ပါ'' ဟု​ပြော​၏။

36 သူ​ငယ်​မ​က​လည်း``အ​ကယ်​၍​ဖ​ခင်​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​က​တိ​ပြုထား​ပြီး​ပြီ​ဟု​ဆို လျှင် ထို​သစ္စာ​က​တိ​အ​တိုင်း​ကျွန်​မ​အား​ပြု ပါ​လေ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဖ​ခင်​အား​မိ​မိ ၏​ရန်​သူ​တို့​အ​ပေါ်​၌​လက်​စား​ချေ​ခွင့်​ကို ပေး​တော်​မူ​ပါ​ပြီ။-

37 သို့​ရာ​တွင်​ကျွန်မ​တစ်​ခု​တောင်း​ခံ​ပါ​ရ​စေ။ ကျွန်​မ​သည်​အ​ပျို​စင်​ဘ​ဝ​ဖြင့်​အ​သက်​ကုန် ဆုံး​ရ​သည့်​အ​တွက် အ​ပေါင်း​အ​ဖော်​များ​နှင့် အ​တူ​တောင်​ရိုး​ပေါ်​တွင်​လှည့်​လည်​၍ ငို​ကြွေး မြည်​တမ်း​နိုင်​ရန်​နှစ်​လ​မျှ​ကျွန်​မ​အား လွတ်​လွတ်​လပ်​လပ်​နေ​ခွင့်​ပြု​ပါ'' ဟု​တောင်း ပန်​၏။-

38 ယေ​ဖ​သ​သည်​သမီး​ဖြစ်​သူ​အား​နှစ်​လ​မျှ ခွင့်​ပြု​၍ ထွက်​ခွာ​သွား​စေ​လေ​သည်။ သူ​ငယ်​မ သည်​အိမ်​ထောင်​မ​ကျ၊ သား​သ​မီး​မ​ရ​ဘဲ သေ​ဆုံး​ရ​တော့​မည်​ဖြစ်​၍ သူ​နှင့်​တ​ကွ​သူ ၏​အ​ပေါင်း​အ​ဖော်​တို့​သည်​တောင်​ရိုး​ပေါ် သို့​တက်​၍​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။-

39 နှစ်​လ​မျှ​ကြာ​သော​အ​ခါ​သူ​သည်​မိ​မိ​၏ ဖ​ခင်​ထံ​သို့​ပြန်​လာ​လေ​သည်။ ဖ​ခင်​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​သစ္စာ​က​တိ ပြု​ထား​သည့်​အ​တိုင်း​ပြု​သ​ဖြင့် သူ​ငယ်​မ သည်​အ​ပျို​စင်​အ​ဖြစ်​နှင့်​ပင်​လျှင်​ဘ​ဝ ဆုံး​ရ​လေ​တော့​၏။ဤ​အ​ဖြစ်​အပျက်​ကြောင့်၊-

40 ဣ​သ​ရေ​လ​ပြည်​ဂိ​လဒ်​မြို့​သား​ယေ​ဖ​သ ၏​သ​မီး​အ​တွက်​နှစ်​စဉ်​နှစ်​တိုင်း​လေး​ရက်​မျှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်​ထွက်​၍ ငို​ကြွေး​မြည်​တမ်း​ကြ​သည့်​ဋ္ဌ​လေ့​ထုံး​စံ​ရှိ သတည်း။