ဟေ​ရှာ​ယ 33:17-24 BCL

17 သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-

18 လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-

19 သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-

20 ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-

21 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို ငါ​တို့​အား​ဖူး​မြင်​ခွင့်​ပေး​တော်​မူ လိမ့်​မည်။ ငါ​တို့​သည်​မြစ်​ကြီး​ချောင်း​ကြီး များ​အ​နီး​တွင်​နေ​ထိုင်​ရကြ​လိမ့်​မည်။ သို့ ရာ​တွင်​ထို​မြစ်​ကြီး​တို့​တွင်​ရန်​သူ​လှေ သင်္ဘော​များ​သွား​လာ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။-

22-23 ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-

24 ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။