ဟေ​ရှာ​ယ 66:14-20 BCL

14 ဤ​အ​မှု​အ​ရာ​ကို​မြင်​သော​အ​ခါ​သင်​တို့ သည်​ဝမ်း​မြောက်​ကြ​လျက် ကျန်း​မာ​သန်​စွမ်း ၍​လာ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​စ​ကား​ကို​နား​ထောင်​သူ​တို့ အား​ကူ​မ​တော်​မူ​၍ ရန်​သူ​တို့​ကို​မူ အ​မျက်​တော်​သင့်​စေ​ကြောင်း​ကို​သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

15 ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။-

16 အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။

17 ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။-

18 သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။-

19 ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။-

20 ``သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​သင် တို့​အ​မျိုး​သား​များ​ကို ထာ​ဝ​ရ​ဘု​ရား အ​တွက်​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ခေါ်​ဆောင် လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​အ​သီး​အ​နှံ​များ​ကို ထုံး​တမ်း​စဉ် လာ​အ​ရ​သန့်​စင်​သည့်​အိုး​ခွက်​များ​တွင် ထည့်​၍ ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ​ကြ သ​ကဲ့​သို့၊ ထို​သူ​တို့​သည်​အ​ဆို​ပါ​လက် ဆောင်​ပဏ္ဏာ​များ​ကို​မြင်း၊ မြည်း၊ ကု​လား အုပ်​များ​မြင်း​ရ​ထား​နှင့်​လှည်း​များ​နှင့် တင်​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​သန့်​ရှင်း​မြင့် မြတ်​သော​တောင်​တော်​ပေါ်​သို့​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။-