ဧ​သ​တာ 6:1-7-8 BCL

1 ထို​ည​၌​မင်း​ကြီး​သည်​စက်​တော်​ခေါ်​၍​မ​ရ သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ ကို​တောင်း​ယူ​ကာ​ဖတ်​ပြ​စေ​တော်​မူ​၏။-

2 ယင်း​မှတ်​တမ်း​များ​တွင်​အ​ဆောင်​တော်​စောင့် မိန်း​မ​စိုး​ဗိ​ဂ​သန်​နှင့်​တေ​ရက်​တို့​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​မှု ကို​အ​ဘယ်​သို့​မော်​ဒ​ကဲ​တွေ့​ရှိ​ရ​သည့် အ​ကြောင်း​ပါ​ရှိ​လေ​သည်။-

3 မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။

4 မင်း​ကြီး​က​လည်း``နန်း​တော်​တွင်း​၌​ငါ​၏ မှူး​မတ်​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော'' ဟု မေး​တော်​မူ​၏။ထို​အ​ချိန်​၌​ဟာ​မန်​သည်​နန်း​တော်​တွင်း​သို့ ဝင်​ရောက်​လာ​၏။ သူ​သည်​မိ​မိ​စိုက်​ထူ​ခဲ့​သည့် လည်​ဆွဲ​တိုင်​တွင် မော်​ဒ​ကဲ​အား​ကွပ်​မျက်​ရန် မင်း​ကြီး​ထံ​ခွင့်​ပန်​မည်​အ​ကြံ​နှင့်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-

5 ထို​အ​ခါ​နန်း​တွင်း​အ​စေ​ခံ​များ​က``ဟာ​မန် ရှိ​ပါ​သည်။ သူ​သည်​ရှေ့​တော်​သို့​ဝင်​ရန်​စောင့် နေ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။မင်း​ကြီး​က``သူ့​အား​ဝင်​စေ'' ဟု​မိန့်​တော်​မူ​၏။

6 ထို့​ကြောင့်​ဟာ​မန်​သည်​ရှေ့​တော်​သို့​ဝင်​ရောက် လာ​လေ​သည်။ ထို​အ​ခါ​မင်း​ကြီး​က​သူ့​အား``ငါ ဂုဏ်​ပြု​ချီး​မြှင့်​လို​သူ​တစ်​ယောက်​ရှိ​သည်။ ထို သူ​ကို​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ရ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ဟာ​မန်​သည်``အ​ဘယ်​သူ​အား​မင်း​ကြီး​ဂုဏ်​ပြု ချီး​မြှင့်​လို​ပါ​လိမ့်​မည်​နည်း။ ငါ့​ကို​သာ​လျှင် ဖြစ်​တန်​ရာ​၏'' ဟု​တွေး​တော​ပြီး​လျှင်၊-

7-8 မင်း​ကြီး​က``ဘု​ရင်​မင်း​ကြီး​ဆင်​ယင်​တော် မူ​သော​မင်း​မြောက်​တန်​ဆာ၊ စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော​ရာ​ဇ​သ​ရ​ဖူ ကို​ယူ​ခဲ့​စေ​တော်​မူ​ပါ။-